ဟံသာဝတီဦးဝင်းတင်​ကွယ်​လွန်​ခြင်း​ သုံးနှစ်​ပြည့်​​အောက်​မေ့ဖွယ်​အခမ်းအနား အမရပူရ တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပ


မန္တ​လေးတိုင်း အမရပူရမြို့နယ်​ ဦးဝင်းတင်​အမှတ်​တရ​ကျောက်​တိုင်​တည်​ရှိရာ​နေရာ ​တောင်​​လေးလုံးကျောင်းတိုက်​၌ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်​ကွယ်​လွန်​ခြင်း သုံးနှစ်​ပြည့်​ အောက်မေ့ခြင်းအထိမ်းအမှတ် ဆွမ်းကပ်​လှူခြင်း ​အခမ်းအနား ကျင်းပသည်​။


ဒီမိုက​ရေစီမရသ၍ ထောင်​တွင်းအဝတ်​မချွတ်​ခဲ့သူ သတင်းစာဆရာနှင့် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​၏ တိုင်​ပင်​ခံနာယကကြီး ဟံသာဝတီဦးဝင်းတင်​​သည် ရဟန်း​စာဆို ​တောင်​​လေးလုံးဆရာ​တော်​ဦးပညာကို မကွယ်​လွန်​မီ ​လာ​ရောက်​ဖူး​မျှော်ခဲ့၍ ယင်းကျောင်းတိုက်အတွင်း ဦးဝင်းတင် အမှတ်​တရ​ကျောက်​စာတိုင်​ ထူးထားခဲ့သည်။



စိုင်းထူးခန့်