အလွတ်စုံထောက်လုပ်ငန်းသို့ အိမ်ထောင်ရေးဖောက်ပြန်မှုစုံစမ်းရန် အလုပ်အပ်နှံမှုများနေ


မြန်မာ့ပထမ အလွတ်စုံထောက်လုပ်ငန်းသို့ အလုပ်အပ်နှံမှုများတွင် အိမ် ထောင်ရေးဖောက်ပြန်မှုများ စုံစမ်းရန် အများဆုံးအပ်နှံနေကြောင်း မြန်မာ့ပထမ အလွတ်စုံထောက်လုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။


''အလုပ်ကတော့ တော်တော်ဖြစ်ပါ တယ်။ အလုပ်အပ်တဲ့ လူတွေလည်းများ ပါတယ်။ အဓိကကတော့ အိမ်ထောင်ရေး ဖောက်ပြန်တာတွေကို စုံစမ်းရတာများ တယ်။ တခြားအမှုတွေလည်း တော်တော် များများ စုံစမ်းပေးရတယ်။ အမှုအခြေအနေပေါ်မူတည်ပြီးတော့ ၅ သိန်းကနေ ၁၀ သိန်းအထိ ကုန်ကျမှုရှိကြောင်း'' မြန်မာပထမအလွတ်စုံထောက်လုပ်ငန်းအဖွဲ့ချုပ် ဦးဆောင်ညွှန်ကြားရေးမှူးဦးဌေးညွန့်က News Watch သို့ ပြောသည်။


သန်လျင်မြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ ငွေဇင်ယော်လမ်းနှင့် ဘုရင့်နောင်လမ်းထောင့် ရွှေကံကော် လက်ဖက်ရည်ဆိုင်အနီးတွင် ရုံးခန်းဖွင့်လှစ်ထားသည့် မြန်မာ့ပထမအလွတ်စုံထောက်လုပ်ငန်းသို့ တနှစ်အတွင်း အမှုပေါင်း ၁၀၀ ကျော်အပ်နှံဆောင်ရွက်ခဲ့ပြီး စုံစမ်းဖော်ထုတ်သည့်ကိစ္စတွင် ရာနှုန်းပြည့်အောင်မြင်မှုရရှိ ကြောင်း ၎င်းက ပြောသည်။


''အမှုကိုလိုက်တဲ့နေရာမှာ တချို့တွေက တ၀က်လောက်ရောက်မှ ဆက်မလုပ်တော့တာမျိုးတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ အမှုစအပ်ထဲက ကုန်ကျမယ့် ငွေပမာဏကို ပြောထားတယ်။ ဒါပေမဲ့ အမှုလိုက်ရင်းနဲ့ ငွေကြေးမလောက်တဲ့အခါ သူတို့နဲ့ ပြန်ဆွေးနွေးရတာပေါ့။ အမှုအခြေ အနေကတော့ ဒီလိုဖြစ်နေပြီ။ ဆက်လုပ် မယ်ဆိုရင် ပိုက်ဆံဘယ်လောက်ထပ်ကုန် ဦးမယ်။ အဆင်ပြေရင် ဆက်လုပ်မှာလား။ မလုပ်ဘူးလားပေါ့။ တချို့ကြတော့လည်း ဒီလောက်သိရရင် ရပြီဆိုပြီး ရပ်သွားတာမျိုးလည်းရှိတယ်။ များသောအားဖြင့် ငွေ ကြေးတတ်နိုင်တဲ့သူတွေ အလုပ်အပ်ကြတာများတယ်။ အလုပ်က များလာတော့ လူအင်အား ထပ်ဖြည့်ဖို့ လုပ်နေတယ်''ဟု အလွတ်စုံထောက်လုပ်ငန်းအဖွဲ့ချုပ် ဦးဆောင်ကော်မတီ ၁၀ ဦးရှိကာ အများစုမှာ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ အငြိမ်းစားအရာရှိကြီးများဖြစ်ကြသည်။ အမှုများကို စုံစမ်းဖော်ထုတ်ရန် ရန်ကုန်တွင်အမှု လိုက်စုံထောက် ၃၀ ကျော်နှင့် နယ်မြို့များတွင် ၁၀၀ ကျော်ရှိပြီး အမှုကိုစုံစမ်းနေစဉ် စုံထောက်၏ အရည်အချင်းအပေါ် မူတည်၍ တနေ့လျှင် လုပ်အားခအဖြစ် စရိတ်ငြိမ်း ကျပ် ၁၀,၀၀၀၊ ၁၅,၀၀၀၊ ၂၀,၀၀၀ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။


မြန်မာပထမ အလွတ်စုံထောက် လုပ်ငန်းအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းစဉ်က အလွတ်စုံထောက်လုပ်ငန်းအမည်ဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတွင် လိုင်စင်လျှောက်ထားခဲ့သော်လည်း လိုင်စင်ချပေးခြင်း မရှိသည့်အတွက် မြန်မာ့ပထမလုံခြုံရေးနှင့် ဥပဒေရေးရာ အကျိုးဆောင်လုပ်ငန်းအမည်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


နန္ဒမျိုးဆောင်