'အစိုးရက အခွန်စည်းကြပ်မှုအခြေခံကိုတိုးချဲ့ဖို့ မဟာဗျူဟာများ ရေးဆွဲဖော် ဆောင်နေပါတယ်' နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေးအကြံပေး Sean Turnell နှင့်အင်တာဗျူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(N


'အစိုးရက အခွန်စည်းကြပ်မှုအခြေခံကိုတိုးချဲ့ဖို့ မဟာဗျူဟာများ ရေးဆွဲဖော် ဆောင်နေပါတယ်'


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေးအကြံပေး Sean Turnell နှင့်အင်တာဗျူး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ စီးပွားရေးမူဝါဒတွေကို ခင်ဗျားအနေနဲ့ ဘယ်လိုအကဲဖြတ်သလဲ။


NLD အာဏာရတဲ့ ပထမဆုံးနှစ်မှာ မြန်မာ့မက်ခရိုစီးပွားရေး တဖက်စောင်းနင်းဖြစ်မူကို ကိုင်တွယ်ပါတယ်။ အထူးသဖြင့် ၂၀၁၇ အကုန်မှာ ဂျီဒီပီရဲ့ ၄ ဒသမ ၈ ရာခိုင်နှုန်းထိ ရောက်မယ်လို့ မျှော်လင့်ရတဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာရေးလိုငွေပြမှုကို ကိုင်တွယ်ပါတယ်။ ရည်မှန်းချက်က လိုငွေပြမှုဟာ IMF က ပြဋ္ဌာန်းထားတဲ့စံနှုန်း ၅ ရာခိုင်နှုန်းကို မကျော်လွန်စေဖို့ ဖြစ်ပါတယ်။ အဲဒီစံနှုန်းအောက်ရှိမှသာ အစိုးရများ အနေနဲ့ သူတို့ရဲ့ အမျိုးသားဘတ်ဂျက်များ ဘဏ္ဍာရေးအရ တောင့်ခံထားရေးအာမခံဖို့ အခြေအနေပိုကောင်း မယ် ဖြစ်ပါတယ်။


မက်ခရိုစီးပွားရေးတဖက်စောင်းနင်းဖြစ်မှုကို ထိန်းချုပ်မှုက အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ပင်ကိုအားဖြင့် နှေးကွေးစေခဲ့ပါတယ်။ ကျန်း မာရေး၊ ပညာရေး၊ အခြေခံ အဆောက်အဦနဲ့ လျှပ်စစ်တို့အပေါ် တိုးမြှင့်သုံးစွဲမှုကို အတိုင်းအတာတရပ်အထိ နှောင့်နှေးစေပါတယ်။ ရလဒ်အနေနဲ့ စီးပွားရေးပြန် လည်ထိန်းညှိမှုအပေါ် အာရုံစိုက်ဖို့နဲ့ စီးပွားရေးတိုးတက်အောင် ကြိုးစားလုပ်ဆောင်ဖို့ NLD က ဆုံးဖြတ်ခဲ့ပါ တယ်။ ဒါဟာ အကြီးအကျယ် ဘဏ္ဍာရေးလိုငွေပြမှုကြောင့် ဖြစ်ရတဲ့ငွေဖောင်းပွမှုမြင့်မားခြင်း၊ သို့မဟုတ် ဗဟိုဘဏ်မှ အလွန်အကျွံငွေချေးခြင်းတို့ကို ထိန်းသိမ်းနိုင်တာကြောင့် ရေရှည်တွင် မြန်မာနိုင်ငံအတွက် အကျိုးရှိမယ် ဖြစ်ပါတယ်။ ဒီလမ်းကြောင်းက ကောင်းကျိုးတွေရှိပေမဲ့ အစိုးရအနေနဲ့ သူ့ရဲ့ရည်မှန်းချက်များကို အထူးသဖြင့် စီးပွားရေးအုပ်စုကို ရေလည်စွာ ရှင်းပြသင့်ပါတယ်။ စီးပွားရေးအုပ်စုက အစိုးရရဲ့သင့်ရုံမျှ မက်ခရိုစီးပွားရေးဆောင်ရွက်မှုများ၊ အလျင်အမြန် စီးပွားရေးတိုးတက်မှုမရှိမှုများကို စီးပွားရေးမလုပ်တတ်၊  မကိုင်တတ်မှုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ အစိုးရက ကြီးပွားတိုးတက်မှုသို့ ဦးတည်တဲ့ လက်ရှိ မူဝါဒအရွှေ့ အပြောင်းရဲ့အရေးပါမှုကို အသိအမှတ်ပြုပါတယ်။ ဒီအတွက် ၂၀၁၈ ခုနှစ်တွင် အစိုးရမဟာဗျူဟာမှာ အပြောင်းအလဲအချို့ကို မြင်တွေ့နိုင်မယ် ဖြစ်ပါတယ်။ မက်ခရိုစီးပွားရေးအခြေခံတွေ ပိုမိုခိုင်မာလာပြီး နိုင်ငံ တကာက Stakeholders များ ပိုမိုပံ့ပိုးမှုနှင့်အတူ မြန်မာနိုင်ငံဟာ ဒီအရေးပါတဲ့ ခြေလှမ်းကို လှမ်းနိုင် စွမ်းရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။


 

နိုင်ငံတကာ Stakeholders များထံမှ အထူးရန်ပုံငွေများနဲ့ အတိုးနှုန်းချိုသာတဲ့ ချေးငွေများ ရရှိအောင် လုပ်ဆောင်မှု နှေးကွေးနေရတဲ့အခြေခံအကြောင်းရင်းများက ဘာလဲ။


ပထမအချက်က ယခင်အစိုးရချန်ရစ်ထားခဲ့တဲ့ ပြဿနာဖြစ်ဖွယ်ရှိသော တက်ကြွလွန်းတဲ့ စီးပွားရေးရဲ့ သက်ရောက်မှုတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေဖောင်းပွမှုမြင့်တက်မှု၊ ဘဏ္ဍာရေးလိုငွေပြမှု ကြီးထွားမှုကို ကိုင်တွယ်ဖြေရှင်းရမယ်ဖြစ်ပါတယ်။ ဒုတိယအချက်က အမျိုးသားဗျူရိုကရေစီအဆင့်မှာ လတ်တလော ကြည့်ရှုဖို့ လိုအပ်တဲ့အချက်တချက်ရှိပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်များအနေနဲ့ အဖွဲ့အစည်းဆိုင်ရာ Stakeholders အချို့ထံမှ ရောက်လာတဲ့ အထူးချေးငွေများ၊ ရန်ပုံငွေများ စီးဝင်လာမှုကို ထိရောက်စွာ ကိုင်တွယ်နိုင်စွမ်းမရှိပါဘူး။ ၀န်ကြီးဌာနများအနေနဲ့ အဲဒီရန်ပုံငွေကို ဘယ်လိုခွဲဝေသုံးစွဲရမယ်ဆိုတာ အပြည့်အ၀ သဘောပေါက်ဖို့ အချိန်ပေးရမယ် ဖြစ်ပါတယ်။


ဒါ့အပြင် အစိုးရနဲ့ ၀န်ကြီးဌာနတွေဟာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်နေတုန်း ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာကြာ စစ်တပ်က အုပ်စိုးပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးနဲ့ အမျိုးသားဗျူရို ကရေစီစနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ပြောင်းလွယ်ပြင်လွယ်မရှိတဲ့ လုပ်ထုံးလုပ်နည်းများနဲ့ ဗျူရိုကရေစီဆိုင်ရာ ဖင့်နှေးမှုတို့သည် အတိတ်ကာလ၀ါစဉ်အပေါ် အလွန်အမင်း ဖက်တွယ်ထားဆဲစနစ်တခုမှာ ကိုင်တွယ်ဖြေရှင်းရန်လိုအပ်တဲ့ အဓိက စိန်ခေါ်မှုနှစ်ရပ်ဖြစ်ပါတယ်။ ဒါက မြန်မာ့အမျိုးသားလျှပ်စစ်စီမံကိန်းသို့ ခွဲဝေပေးထားတဲ့ ရန်ပုံငွေအချို့ အသုံးမချနိုင်သေးတာနဲ့ ပတ်သက်ပြီး ရှင်းပြရေးအထောက်အကူဖြစ်ဖွယ် ရှိပါတယ်။ အစိုးရက အများပြည်သူဌာနအချို့ရဲ့ အခန်းကဏ္ဍပြန်လည်ဖွဲ့စည်းသတ်မှတ်ပြဋ္ဌာန်းရေးကို အလေးထား လုပ်ဆောင်နေပါတယ်။ အလားတူ ပိုမိုပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ထုံးလုပ်နည်းများ စတင်ကျင့်သုံးခြင်း၊ ဆန်းစစ်ဝေဖန်သော အယူအဆရဲ့ အရေးပါမှုကို အလေးအနက်ပြုခြင်းဖြင့် အမျိုးသား ဗျူရိုကရေစီရဲ့ စိတ်နေသဘောထားပြောင်းလဲရေးကိုလည်း အလေးထားလုပ်ဆောင်နေပါတယ်။


သွင်းကုန်များအပေါ် ကုန်သွယ်မှုကန့်သတ်မှုတွေ မလုပ်ဘဲ မြန်မာနိုင်ငံအနေနဲ့ လက်ရှိငွေစာရင်းလိုငွေပြမှုကို ဘယ်လို ဖြေရှင်းနိုင်သလဲ။


ဘတ်ဂျက်သည် အစိုးရရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်ရှိနေစဉ် လက်ရှိတွင် ငွေစာရင်းလိုငွေပြမှု ပြဿနာဟာ အစိုးရမူဝါဒရဲ့ သွယ်ဝိုက်သက်ရောက်မှုမျှသာ ဖြစ်ပါတယ်။ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုလမ်းကြောင်းကို ကြည့်ရင် တိုင်းပြည်ပိုမိုချမ်းသာလာတဲ့အတွက် ပို့ကုန်တိုးလာတယ်ဆိုပြီး မျှော်လင့်နိုင်ပါတယ်။ ဒီသဘောထား အရ လက်ရှိငွေစာရင်းလိုငွေပြမှုရဲ့ တစိတ်တဒေသက အပြုသဘောဆောင်တဲ့ ဇာတ်လမ်းတပုဒ်ကို ပြောပြနေ ပါတယ်။ အကြောင်းကတော့ သွင်းကုန်များကို ဝေပုံချကြည့်ရင် မြန်မာနိုင်ငံ ဟာ စက်မှုကုန်ထုတ်လုပ်မှု အခြေခံကို စတင်တိုးချဲ့နေစဉ် မဝေးတဲ့အနာဂတ်တွင် ကြီးပွားတိုးတက်မှုမြှင့်တင်ပေးမယ့် မတည်ပစ္စည်းများကို ရယူနေလို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ ပိုမိုကြွယ်ဝလာတာနှင့်အမျှ စားသုံးကုန်ပစ္စည်းတွေအတွက် ၀ယ်လိုအားကြီးထွားလာဖို့ မျှော်လင့်ပါတယ်။ အရေးကြီးဆုံးစီမံချက်များအနက် တခုက အဲဒီတဖက်စောင်းနင်း ကိစ္စတွေကိုဖြေရှင်းဖို့ ကျပ်ငွေနှုန်းရှင်ထားမှုကို မလွဲမသွေ ဆက်လုပ်ဆောင်ရပါမယ်။ ဒါဟာ အစိုးရအနေနဲ့ ငွေဖောင်းပွမှုနှင့် အခြားဖိအားများကို ထိန်းချုပ်ရေးအထောက်အကူဖြစ်ပါမယ်။ ၂၀၁၆ ခုနှစ် အစပိုင်းတွင် ငွေဖောင်းပွမှု ၁၆ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၇ နှစ်ကုန်တွင် ငွေဖောင်းပွမှု ၇ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားဖို့ မျှော်လင့်ပါတယ်။ အများနှင့်ယှဉ်ပြိုင်ရသော ငွေကြေးတရပ်ရှိမှုက ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ အပြောင်းအလဲကြောင့် ထိခိုက်နစ်နာသော တိုင်းပြည်များအတွက် အလွန်အရေးပါပါတယ်။ ငွေလဲနှုန်း အရှင်ထားမှုက စီးပွားရေးဆက်လက်တည်ငြိမ်ရေးအတွက် ဒဏ်ခံပစ္စည်းတခုအဖြစ် လုပ်ဆောင်ပေးပါတယ်။ အများနှင့်ယှဉ်ပြိုင်ရသော၊ ထုတ်လုပ်အား ကောင်းသော စီးပွားရေးတရပ်တည်ဆောက်ခြင်းဟာ ရင်းနှီးမြှုပ်နှံမှုကို မှန်ကန်သောဧရိယာများသို့ လွှဲပြောင်းပေးခြင်းနှင့် ထိန်းသိမ်းရန် အာဏာအပ်နှင်းထားသော  ပတ်ဝန်းကျင်တိုးတက်မှုတို့မှ ဖြစ်ပေါ်လာမည်ဖြစ်ပါတယ်။ ဒါမှသာ ပုဂ္ဂလိကကဏ္ဍ လုပ်ဆောင်သူများအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ယုံကြည်မှုအပြည့်အ၀ရှိလာမည်ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ အခွန်ဝင်ငွေနည်းပါးနေတဲ့အတွက် အမျိုးသားအခွန် အခြေစိုက်တိုးချဲ့ဖို့ ဘယ်လိုများ လုပ်ဆောင်သလဲ။


အခွန်စည်းကြပ်မှုနဲ့ ဒီမိုကရေစီဟာ အတွင်းကျကျ ဆက်နွှယ်မှုရှိပါတယ်။ မြန်မာနိုင်ငံမှာ ကိုယ်စားပြုမှု ရှိထားပြီဖြစ်ပါတယ်။ ယခုအခါ အခွန်စည်းကြပ်မှုကို ထိုက်သင့်တဲ့အဆင့်များသို့ ရောက်အောင်လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီကိစ္စမှာ အရာရှိများဟာ ယခင်အစိုးရလုပ်ခဲ့တဲ့ မူဝါဒများအနက်အချို့ကို ဆက်လုပ်ဖို့ ကြည့်ရှု စစ်ဆေးနေပါတယ်။ ယင်းတို့အနက် တချက်က ကုမ္ပဏီကြီးများကို ပိုမိုထိရောက်တဲ့ လုပ်ငန်းစဉ်တရပ်ဖြင့် အခွန်စည်းကြပ်ရေးလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။


ဒုတိယအချက်က အစိုးရဟာ သူ့ရဲ့အခွန်စည်း ကြပ်မှုအခြေခံကို တိုးချဲ့ဖို့ မဟာဗျူဟာများကို ကြံဆနေပါ တယ်။ နိုင်ငံသားတိုင်းသည် ၀င်ငွေခွန်ပေးဆောင်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း သိပါတယ်။ တချိန် တည်းတွင် အများလက်ခံတဲ့ ၀င်ငွေခွန်ပေါ်ပေါက်ရေးက ရေရှည်ဦးတည်ချက်တရပ်ဖြစ်ပါတယ်။ အစိုးရသည် ရိုးရှင်းပြီး အများလက်ခံတဲ့ အနုတ်အသိမ်းရှိသော အခွန်စနစ်တရပ်မိတ်ဆက်ခြင်းဖြင့် ကုန်သွယ်ခွန်တိုး တက်ရေးကို အာရုံစိုက်နေပါတယ်။ ဒါဟာ အနာဂတ်တွင် တန်ဖိုးမြင့်အခွန် ဒါမှမဟုတ် ကုန်စည်များနှင့် ၀န်ဆောင်မှုအခွန်ပြဋ္ဌာန်းရေးအတွက် အခြေခံချမှတ်ဖို့ ပြင်ဆင်ရာမှာ အကူအညီဖြစ်ပါမယ်။


ကုန်သွယ်ခွန်အပြင် အစိုးရအနေနဲ့ မြေနှင့် အိမ်ရာအဆောက်အအုံအခွန်ထူထောင်မည့် အလား အလာတရပ်ကို လေ့လာနေပါတယ်။ အလားတူ အခွန်ပေါင်းစုံဒါမှမဟုတ် သွင်းကုန်အပေါ် အခွန်နှုန်းထား များနှင့် ပတ်သက်ပြီး ထိရောက်မှုဆန်းစစ်ဖို့ အလေး ထားလုပ်ဆောင်နေပါတယ်။ ရည်ရွယ်ချက်က တခု တည်းသော၊ တူညီသော၊ အတော်အသင့်နိမ့်ပါးသော အခွန်အတုပ်စနစ်တခုကို ချမှတ်ဖို့ ဖြစ်ပါတယ်။ ဒီနယ်ပယ်မှာ ရွှေစည်းမျဉ်းက အခွန်များကို သက်သာနိုင်သမျှ သက်သာအောင်ကောက်ခံပြီး ဖြစ်နိုင်သမျှ အလွယ်တကူ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။


SM


Ref; Michael Nesbit,Analyst oxford Business Group