“ အကြမ်းဖက်မှု မဖြစ်အောင် ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေ လုပ်ထားပါတယ်” ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် တွေ့ဆုံခြင်း

ကာကွယ်​​ရေးဝန်​ကြီးဌာနပြည်​​ထောင်​စုဝန်​ကြီး ဒုတိယဗိုလ်​ချူ ပ်​ကြီးစိန်​ဝင်း


အောက်​တိုဘာ.၉.ရက်​​နေ့​နေပြည်​​တော်​.MICC.2.တွင်​ကျင်းပပြုလုပ်​သည့်​.ကမ္ဘာ့ခရီးသွားလုပ်​ငန်း​နေ့အခမ်းအနားသို့တက်​​ရောက်​လာသော ကာကွယ်​​ရေးဝန်​ကြီးဌာနပြည်​​ထောင်​စုဝန်​ကြီး ဒုတိယဗိုလ်​ချူ ပ်​ကြီးစိန်​ဝင်းနှင့်​​ တွေ့ဆုံစဉ်​ မေးမြန်းခဲ့သည်များကို ဖော်ပြပါသည်။


မေး။ ARSA.အကြမ်းဖက်​အဖွဲ့ရဲ့အပစ်​အခတ်​ရပ်​စဲမှုဒီ​နေ့တစ်​လပြည်​ခဲ့ပါပြီ.သူတို့ကအကြမ်းဖက်​မှုထပ်​မံလုပ်​​ဆောင်​လာရင်​.ပြင်​ဆင်​ထားမှု​လေးသိချင်​ပါတယ်​...


ဖြေ။ "ကျွန်​​တော်​တို့ဘက်​က သတိရှိရှိနဲ့ပြင်​ဆင်​ထားပါတယ်​..သူတိုဘက်​ကတိုက်​ကွက်​​ဖော်​လာရင်​​တော့ကျွန်​​တော်​တိုဘက်​ကဥပ​ဒေနဲ့အညီတုံ့ပြန်​နိုင်​ဖို့ကိုလည်းပြင်​ဆင်​ထားပါတယ်​၊


မေး။ အပစ်​အခတ်​ရပ်စဲရေးအတွက်​.ညှိနှိုင်းမဲ့အစီအစဉ်​များရှိပါသလား...


ဖြေ။ ကျွန်​​တော်​တို့ဘက်​ကပုံမှန်​ပါဘဲ.သူတိုဘက်​ကအပစ်​အခတ်​ရပ်စဲတာ မရပ်စဲတာ ကျွန်​​တော်​တို့ဘက်​က အသိအမှတ်​ပြုထားတာမရှိပါဘူး၊သူတို့ဟာအကြမ်းဖက်​အဖွဲ့အစည်းဖြစ်​တယ်​၊ကမ္ဘာမှာဘယ်​နိုင်​ငံမှအကြမ်းဖက်​အဖွဲ့နဲ့​စေစပ်​ညှိနှိုင်းတာမရှိပါဘူး၊ ကျွန်​​တော်​တို့နဲ့ပြည်​ထဲ​ရေးဝန်​ကြီးဌာနတို့ပူး​ပေါင်းပြီး​တော့."တရားဥပ​ဒေစိုးမိုး​ရေး၊နယ်​​မြေတည်​ငြိမ်​​အေးချမ်း​ရေးအတွက်​ကြိုးစားပြီး​ဆောင်​ရွက်​​နေပါတယ်။’’


သို့်​​သော်​ အဖျက်​အ​မှောက်​လုပ်​ငန်းဆိုတာလုပ်​ချင်​ရင်​လည်းလုပ်​နိုင်​တဲ့အ​နေအထားရှိမယ်​လို့​ပြောလို့ရပါတယ်​၊ ဘာ​ကြောင်​လဲဆို​တော့​ ဒေသဧရိယာက ကျယ်​တယ်​​လေ..မ​မျှော်​လင့်​တဲ့​နေရာတစ်​ခုခုမှာအကြမ်းဖက်​မှုလုပ်​လာနိုင်​တယ်​​ပေါ့။  ကမ္ဘာမှာ အကြမ်းဖက်​မှုမဖြစ်​တဲ့​နေ့မရှိသ​လောက်​ပါဘဲ. ​ဆော်​ဒီမှာ​တောင်​ဘုရင့်​နန်း​တော်​ကိုလာပစ်​​သေးတယ်​​လေ.."သ​ဘော​ပြောတာ​နော်​"..အဲဒီ​တော့ကျွန်​​တော်​တို့မှာဒီ​လောက်​ကျယ်​ပြန့်​တဲ့ဧရိယာ.ရဲ့တစ်​​နေရာရာမှာအကြမ်းဖက်​မှုလုပ်​ရပ်​မလုပ်​ဖူးလို့​တော့​ပြောလိုမရဘူး​ပေါ့..သို့​​သော်​ ထိခိုက်​မှုမဖြစ်​​အောင်​ ကျွန်​​တော်​တို့ဘက်​က တတ်​စွမ်းသမျှ​ဆောင်​ရွက်​​နေပါတယ်​..မဖြစ်​​အောင်​လည်းကြိုတင်​ပြင်​ဆင်​ကာကွယ်​မှု​တွေလုပ်​​ဆောင်​ထားပါတယ်။’’


ထွန်း(​နေပြည်​​တော်​)