MISS MYANMAR INTERNATIONAL 2017 ၂၀၁၇ဆန်ခါတင် အလှမယ်များအား စာနယ်ဇင်းမိတ်ဆက်


Stellar Seven Entertainment မှ ကြီးမှူးကျင်းပပြီး Myanmar Tourism Federation ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသော Miss Myanmar International 2017 ၂၀၁၇ ဆန်ခါတင် အလှမယ်များအား စာနယ်ဇင်းမီဒီယာများကို အပ်နှံခြင်းအခမ်းအနားကို ရန်ကုန်မြို့ Novotel Hotel (Pathein Ballroom) တွင် ဇွန် ၂၆ ရက်က ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် Stellar Seven Entertainmentမှ Operation Director မလင်းဝတ်မှုံ၊ Creative Director မလိခဦးစိုးထိုက်အောင်၊ Myanmar Tourism Marketing မှ ဦးကောင်းမင်းခန့်၊ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်ရီရီဝင်းနှင့် Miss Myanmar International 2016  ၂၀၁၆ သရဖူဆုရှင် အင်ကြင်းထူးတို့မှ ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများကို မိတ်ဆက်ပြောကြားခဲ့သည်။


အဆိုပါပြိုင်ပွဲတွင်ပါဝင်သော ဆန်ခါတင်အလှမယ်များကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၃၁ Golden City Luxury Condo တွင် စခန်းသွင်း လေ့ကျင့်သင်ကြားမှုများပြုလုပ်မှာဖြစ်ပြီး  ဆန်ခါတင်အလှမယ်များကို အဆင့်ဆင့်ရွေးချယ်ကာ သြဂုတ် ၁ ရက်တွင် ရန်ကုန်မြို့ Novotel Hotel (Yangon Ballroom) တွင် Grand Final ပြိုင်ပွဲကြီးကို အလှမယ် ၂၀ ဦးရွေးချယ်၍ ထပ်မံကျင်းပသွားမည်ဖြစ်သည်။


ပါဝင်ယှဉ်ပြိုင်မည့် အလှမယ် ၂၀ ဦးထဲမှ ၁၀ ဦးကို Grand Final ပြိုင်ပွဲကြီးတွင် ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။